အကောင့်ဝင်မည်

အွန်လိုင်းတွင် ချိန်းတွေ့ခြင်းအတွက် အကူအညီဖြစ်စေသော အကြံပေးချက်များ

ထောင်နှင့်ချီသော လူများသည်နှစ်စဉ် ကျွန်ုပ်တို့၏ဝဘ်ဆိုက်များတွင် ယင်းတို့၏လက်တွဲဖော်များကို တွေ့ရှိကြကာ ပြဿနာကင်းသော ချိန်းတွေ့ခြင်း အတွေ့အကြုံကို ရကြပါသည်။ သင့်အတွေ့အကြုံသည်လည်း ဘေးကင်းကာ လိုရာရစေနိုင်ရန်အတွက် ကျွန်ုပ်တို့၏ ချိန်းတွေ့ရာတွင် ဘေးကင်းစေရန် အကြုံပြုချက်များနှင့် အသိုင်းအဝိုင်း လမ်းညွှန်ချက်များ ကို အချိန်ယူ၍ ကြည့်ပေးပါ။

စတင်ဆောင်ရွက်ခြင်း

ကျွန်ုပ်တို့၏ဆိုက်တွင် သင်သည် အခြားအသုံးပြုသူများအား ဆက်သွယ်ရန် အချက်အလက်ကို ပေးရန် အသင့်ဖြစ်ပြီဟု မခံစားရမီအထိ မည်သူဖြစ်ကြောင်း မပြောဘဲနေရန် ခွင့်ပြုထားပါသည်။

သင့်ပရိုဖိုင်တွင် ပုဂ္ဂိုလ်ရေး ဆက်သွယ်ရန် အချက်အလက်များကို မထည့်သွင်းပါနှင့်။ အထူးသဖြင့် ဖုန်းနံပါတ်များ၊ အီးမေးလ်၊ အိမ်လိပ်စာ သို့မဟုတ် သင့်နောက်ဆုံးအမည်တို့ ဖြစ်ပါသည်။

တစုံတယောက်အား ယုံကြည်နိုင်ကြောင်း သင့်စိတ်တွင် အမှန်တကယ် ထင်မှသာ သင့်အား ဆက်သွယ်ရန် သတင်းအချက်အလက်ကို ပေးပါ။

အွန်လိုင်းတွင် ချိန်းတွေ့ရန်အတွက် အီးမေးလ်အကောင့် တစ်ခုကို သီးခြားပြုလုပ်ထားပါ။ ယင်းသို့ဖြင့် မလိုလားအပ်သော မည်သည့် အီးမေးလ်ကိုမဆို အလွယ်တကူ သီးခြားခွဲထားနိုင်ပါသည်။

သင့်စကားဝှက်များကို လုံခြုံစွာထားပါ။ အလွယ်တကူ မခန့်မှန်းနိုင်စေရန် ပြုလုပ်ထားပါ။ အွန်လိုင်းတွင် ချိန်းတွေ့ခြင်းအတွက် အခြားမည်သည့်နေရာတွင်မျှ အသုံးပြုမထားသော ထူးခြားသည့် စကားဝှက်တစ်ခုကို ရွေးချယ်ပါ။

ပြဿနာများကို ရှောင်ရှားခြင်း

ဆက်သွယ်ပြောဆိုရာတွင် မေးခွန်းများစွာကို မေးပါ။ ရှေ့နောက်မညီမှုများနှင့် ငွေတောင်းခံမှုများကို သတိပြုပါ။ တခုခုကို သံသယရှိပါက မှတ်ချက်ပြုထားပါ။

တစုံတယောက်ကို သံသယရှိပါက သို့မဟုတ် တစုံတယောက်က သင့်ထံမှ ငွေတောင်းခံပါက ဆင်ခြင်တုံတရားကို အသုံးပြုပါ။ ပြီးနောက် မန်ဘာ၏ ပရိုဖိုင်ပေါ်တွင်ရှိသော "စော်ကားမှုကို တိုင်ကြားမည်" ကို နှိပ်၍ဖြစ်စေ၊ အွန်လိုင်းအကူအညီ တောင်းခံသည့်ပုံစံကို ဖြည့်၍ဖြစ်စေ အခြေအနေကို ကျွန်ုပ်တို့ထံ တိုင်ကြားပါ။

ကျွန်ုပ်တို့ မန်ဘာများ၏ သက်သေခံချက် သို့မဟုတ် ယင်းတို့၏ ပရိုဖိုင်များပေါ်တွင် ပေးထားသော သတင်းအချက်အလက်များ မှန်ကန်ကြောင်း ကျွန်ုပ်တို့ မဆိုနိုင်ပါ။ သံသယဖြစ်ဖွယ် မည်သည့်မန်ဘာကိုမဆို ရပ်ဆိုင်းရန်အတွက် လုပ်ဆောင်မှုများကို ပြုလုပ်သော်လည်း မန်ဘာများအားလုံးသည် အခြားသော မန်ဘာများနှင့် ဆက်ဆံရာတွင် ၁၀၀% ရိုးသားကာ မှန်ကန်မည်ဖြစ်ကြောင်းကို အာမခံရန် မဖြစ်နိုင်ပါ။ အခြားသော မန်ဘာများနှင့် ဆက်သွယ်ပြောဆိုရာတွင် သတိရှိပြီး ဆင်ခြင်တုံတရားကို အသုံးပြုပါ။

လူချင်းမတွေ့ရသေးပါက အွန်လိုင်းတွင်တွေ့သော မည်သူကိုမျှ ငွေမပို့ပါနှင့်

သင်မတွေ့ဆုံမီတွင်

လူချင်းမတွေ့ဆုံမီတွင် သင်နှင့် ဆက်သွယ်ပြောဆိုနေသော သူအကြောင်းကို တတ်နိုင်သမျှ သိရှိအောင် ပြုလုပ်ထားပါ။ အခြားသူတစ်ဦးအား ဖုန်းမခေါ်မီတွင် အီးမေးလ်၊ instant messaging သို့မဟုတ် စကားပြောဆိုခြင်းတို့မှတဆင့် အချိန်ယူ၍ ဆက်သွယ်ပြောဆိုပါ။ သင့်အတွက် သက်တောင့်သက်သာရှိသည်ဟု မခံစားရပါက သင့်ဖုန်းနံပါတ် သို့မဟုတ် သင့်အားဆက်သွယ်ရန် သတင်းအချက်အလက်ကို ဖွင့်မပြောပါနှင့်။

သင်နှင့် ဆက်သွယ်ပြောဆိုနေသူ၏ ဓာတ်ပုံအများအပြားကို တောင်းယူရန် ကြိုးစားပါ။ ယင်းတို့၏ဘဝ အရွယ်အမျိုးမျိုး အချိန်အမျိုးမျိုးတွင် ရိုက်ထားခဲ့သော ပုံများကို မြင်နိုင်ရန် ပြောပါ။ ယင်းသည် လူတစ်ဦး၏ ရုပ်လုံးကို ပေါ်စေရန် အကူအညီ ဖြစ်စေပြီး ထိုသူအကြောင်းကိုလည်း ပိုမိုနားလည်စေနိုင်ပါသည်။

မျက်နှာချင်းဆိုင် တွေ့ဆုံရန် ဆုံးဖြတ်ပါက အများပြည်သူဆိုင်ရာ နေရာတစ်ခုကို ရွေးချယ်ပါ။ သင်ဘယ်သွားမည်ကို သူငယ်ချင်းတစ်ဦးအား ပြောပြပါ။

ချိန်းတွေ့ရာမှ သင်ပြန်လာလျှင် ယင်းကို အသိပေးပါ။

ချိန်းတွေ့စဉ်တွင်

လူတစ်ယောက်အကြောင်းကို သိနိုင်ရန် အချိန်ယူပါ။ သင့်အခြေအနေအလိုက် တစ်ကြိမ်လျှင် တစ်ဆင့်သာ တက်ပါ။

နိုင်ငံခြား တိုင်းပြည်တစ်ခုတွင် နေထိုင်သူတစ်ဦးနှင့် ချိန်းတွေ့ခြင်းဖြစ်ပါက ယဉ်ကျေးမှုထုံးစံ မတူညီမှုများကို သတိပြုကာ ဆက်ဆံရေးနှင့် ပတ်သက်၍ အခြားသူများ၏ မျှော်လင့်ချက်များကို နားလည်ပါ။ အတူတကွ တတ်နိုင်သမျှ အချိန်ဖြုန်းခြင်းဖြင့် လူတစ်ယောက်အကြောင်းကို ပိုသိလာရန် ဖြစ်နိုင်ပါသည်။ အီးမေးလ်နှင့် instant messaging ကိုသာ အားကိုးမနေပါနှင့်။

အမှန်တကယ် ရည်ရွယ်မှုများ ဖြစ်မလာမီတွင် လူတစ်ယောက်အကြောင်း သိရှိနိုင်ရန် အချိန်ပိုပေးခြင်းဖြင့် တန်ဖိုးကြီးမားသော အမှားများကို ရှောင်ရှားနိုင်စေပါသည်။

သင်မစေ့စပ်မီတွင်

ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များပေါ်တွင် လူရာပေါင်းများစွာသည် နှစ်စဉ် အိမ်ထောင်ဖက်ကို တွေ့ရှိကြပြီး ပျော်ရွှင်နှစ်သက်ဖွယ်ရာ ဘဝကို အတူတကွ ပိုင်ဆိုင်ကြပါသည်။ သင်မစေ့စပ်မီတွင် မှားယွင်းသွားနိုင်သည်များကို ထည့်သွင်းစဉ်းစားရန် အချိန်ယူပါ။ သင့်အခွင့်အရေးများကို သိထားပါ။

လက်ထပ်ခြင်းသည် သင့်ဘဝတွင် အရေးအကြီးဆုံး ဆုံးဖြတ်ချက်များအနက် တစ်ခုဖြစ်သောကြောင့် အလောတကြီး မလုပ်ဆောင်သင့်ပါ။

မစေ့စပ်မီတွင် သင့်လက်တွဲဖော်အကြောင်း တတ်နိုင်သမျှ သိအောင် ပြုလုပ်ထထားပါ။

သင့်လက်တွဲဖော်နှင့် မိသားစုအကြောင်းကို သိအောင်လုပ်ထားပါ - အချို့သော နိုင်ငံများတွင် တစုံတယောက်အား လက်ထပ်ခြင်းသည် ယင်း၏မိသားစုကိုပါ "လက်ထပ်ခြင်း" ဖြစ်ပါသည်။

အခြားနိုင်ငံတစ်ခုမှ တစုံတယောက်နှင့် စေ့စပ်ပါက သင့်လက်တွဲဖော်၏ နိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှု၊ အနိုင်ကျင့့်မှုနှင့် ကွာရှင်းမှုတို့နှင့် ပတ်သက်၍ သင့်အခွင့်အရေးများကို ကောင်းစွာသိရှိရန် ပိုမိုဆောင်ရွက်သင့်ပါသည်။ ယူအက်စ်အေ၊ ဩစတြေးလျ အစရှိသည်တို့ အပါအဝင် နိုင်ငံများစွာတွင် ကံမကောင်းစွာဖြင့် အနိုင်ကျင့်သော သို့မဟုတ် အကြမ်းဖက်သော လက်တွဲဖော်ကို လက်ထပ်မိသော သို့မဟုတ် စေ့စပ်မိသော နိုင်ငံခြားသူ အမျိုးသမီးများ၏ ဗီဇာအခြေအနေကို ကာကွယ်ပေးသော ဥပဒေများ ရှိပါသည်။ သင့်အနေဖြင့် နိုင်ငံအတွင်း တရားဝင် ဆက်လက်နေထိုင်ခွင့်ကို ရှိစေနိုင်ပြီး အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ်သက်သော ပြဿနာများအတွက် အကူအညီ တောင်းခံနိုင်ကြောင်း ဆိုလိုခြင်း ဖြစ်ပါသည်။

ကွာရှင်းမှုတွင် ယူအက်စ်အေ၊ ယူကေ၊ ဩစတြေးလျ အစရှိသည်တို့ ကဲ့သို့သော နိုင်ငံများစွာသည် လက်ထပ်မှုဆိုင်ရာ ပိုင်ဆိုင်မှုများ အားလုံးကို ကျိုးကြောင်းဆီလျော်စွာ ခွဲဝေပေးရာတွင် အချက်အလက် များစွာကို ထည့်သွင်းစဉ်းစားမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ကွာရှင်းပါက သင့်အား မည်သို့သက်ရောက်မှု ရှိမည်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။

ဘေးကင်းစွာ ချိန်းတွေ့ခြင်းအကြောင်း နောက်ထပ် သတင်းအချက်အလက်များအတွက် အောက်ပါဆိုက်ကို လာရောက်ပေးပါ -

အွန်လိုင်းတွင် ချိန်းတွေ့ခြင်းအတွက် ဘေးကင်းရေး အကြံပြုချက်များ